မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ​ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)မှ ဆက်ကပ်လှူဒါန်းပူဇော်သော ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ခြင်း အခမ်းအနားတက်​ရောက်

မော်လမြိုင် ဇန်နဝါရီ ၂၅

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)မှ ဆက်ကပ်လှူဒါန်းပူဇော်သော ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက  မော်လမြိုင်မြို့၊ မြ​စေတီ စာသင်တိုက်​၊ မြမဟာ ​ဓမ္မဗိမာန်​တော်ကြီး၌ ကျင်းပပြုလုပ်ရာ အခမ်းအနားက ဩဝါဒ ဆရာတော်ကြီးများ၊ ဘွဲ့တံဆိပ်ဆက်ကပ်ပူဇော်ခြင်းခံရသည့် ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အ​ရှေ့​တောင်တိုင်း စစ်ဌာချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်အစိုးရအဖွဲ့၀င်ဝန်ကြီးများ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA ဥက္ကဋ္ဌဦးရဲထွန်းနှင့် အသင်းဝင်များ၊ ဘွဲ့တံဆိပ်ချီးမြှင့်ခြင်းခံရသည့် လူပုဂ္ဂိုလ်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်​ရောက်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓါန နာယကဆရာတော် (အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ​ဆောက်တည်ခဲ့ကြပြီး ဗုဒ္ဓ ဘာသာကလျာဏ ယုဝအသင်း YMBA (ဗဟို)၊ တွဲဘက်အတွင်း​ရေးမှူး ဦးမျိုးမြင့်ထွန်းမှ မင်္ဂလဓမ္မ ဇောတိက ဓဇဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော် လှူဒါန်းရခြင်းနှင့် ပတ်သက်၍ လျှောက်ထားခဲ့ပြီး ဆရာ​တော်ကြီးများကိုလှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)မှ ဆက်ကပ်လှူဒါန်းပူဇော်သော အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်အား နေပြည်တော် ရာဇအောင်မြေကျောင်းတိုက်မှ ဆရာတော်ဘဒ္ဒန္တပဝရသိဒ္ဓိထံသို့လည်း​ကောင်း၊ မဟာမင်္ဂလဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်တော်အား အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ​မော်လမြိုင်မြို့မှ ဦးလှထွန်းထံသို့လည်း​ကောင်း ဆက်ကပ်လှူဒါန်းပူ​ဇော်ခြင်းနှင့် ချီးမြှင့် အပ်နှင်းခြင်း​တို့ ​ဆောင်ရွက်ခဲ့သည်။

ထို့​နောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူတို့က ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း YMBA (ဗဟို)မှ ဆက်ကပ်လှူဒါန်းပူဇော်သော အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ၊ မဟာမင်္ဂလဓမ္မဇောတိကဓဇနှင့် မင်္ဂလဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်များကို မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှ ဆရာတော်ကြီး(၅)ပါးထံဆက်ကပ် လှူဒါန်းခဲ့ကြပြီး မဟာမင်္ဂလဓမ္မမဏိ ဇောတဓရနှင့် မဟာမင်္ဂလဓမ္မဇောတိက ဓဇဘွဲ့တံဆိပ်တော်ရရှိကြသည့် လူပုဂ္ဂိုလ်(၆)ဦးတို့ကို လည်း ဘွဲ့တံဆိပ်တော်များ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။

အဲဒီ​နောက်မော်လမြိုင်မြို့၊ မန္တလေးရပ်ကွက်၊ ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူရန်တွက် အလှူငွေကျပ် ၅၀ သိန်းအား မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယူအသင်း YMBA ဥက္ကဋ္ဌ၊ ဦးဝင်းနိုင်ဦးကပေးအပ် လှူဒါန်းခဲ့ပြီး ဆရာတော်ကြီးများထံမှ ဩဝါဒခံယူခဲ့ကြကာ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ တရားနာယူကြည်ညိုပြီး ရေစက်သွန်းချ အမျှပေးဝေ၍ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို၍  ရုတ်သိမ်းခဲ့ကြသည်။

ထို့​နောက် ဘွဲ့တံဆိပ်ဆက်ကပ်ပူဇော်ခြင်းခံရသည့် ဆရာတော်ကြီးများနှင့် ဘွဲ့တံဆိပ်တော်ရရှိကြသည့် လူပုဂ္ဂိုလ်များနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး ဆရာ​တော်ကြီးများကို ​နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။

ခင်စန်းမြင့်