ပုဗ္ဗသီရိ ဇန်နဝါရီ ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကို ပုဗ္ဗသီရိမြို့နယ်ပြည်သူ့စာကြည့်တိုက်၌ ယနေ့မွန်းလွဲပိုင်းက ကျင်းပသည်။
ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ Onlineမှ တစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကို ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်းနှင့် စာရေးဆရာမ သက်သက်နွယ် (ရန်ကုန် တက္ကသိုလ်)တို့က မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် လူမျိုးပြုန်းတီးနိုင်ကြောင်း၊ နိုင်ငံတစ်နိုင်ငံတွင် လူငယ်များသည် အရေးကြီးပါကြောင်း၊ လူငယ်များမူးယစ်ဆေးဝါး၏ သားကောင်ဖြစ်သွားမည်ဆိုပါက နိုင်ငံရဲ့အနာဂတ်ပျက်စီးသွားမှာဖြစ်ပြီး နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိခိုက်နိုင်သည့်အတွက် နိုင်ငံတော်နှင့်လူငယ်များ အနာဂတ်ကောင်းမွန်စေရေး လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးကို ရှောင်ရှားကြရန် ပညာပေးဆွေးနွေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပုဗ္ဗသီရိမြို့နယ်ရုံးမှ ရိုက်ကူးထုတ်လွှင့်သည့် အဆိုပါ Talk Show အပြည့်အစုံကို ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
သန္တာလင်း(ပုဗ္ဗသီရိ)