မှော်ဘီ ဇန်နဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများ ကလေးသူငယ်အခွင့်အရေးအကြောင်း သိကောင်းစရာများ သိရှိနိုင်စေရန် ရည်ရွယ်၍ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် (၁၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မှော်ဘီမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မှော်ဘီမြို့နယ်၊ ဦးစီးအရာရှိ ဦးအေးသိန်းနှင့် မှော်ဘီမြို့နယ် စာပေချစ်သူများအသင်း(Book Club)အတွင်းရေးမှူး စာရေးဆရာဝင်းနွယ်(ပုသိမ်)တို့က ကလေးသူငယ်အခွင့်ရေး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ကလေးဟူသော ဝေါဟာရများ၊ လူငယ်နှင့်ပညာရေးအကြောင်း၊ အခွင့်အရေးဆိုင်ရာများ အကြောင်းနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာအသိပညာပေးစသည့် သိကောင်းစရာများကို ပြည့်စုံစွာဆွေးနွေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် Online မှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ကောင်းမြတ်သူ