အမ်း ဇန်နဝါရီ ၂၄
ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အခြေခံပညာဦးစီးဌာနနှင့်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်၊ ဝိုင်းဖွဲ့ဦးဆောင်ဆွေးနွေးသည့် အလေ့အထများရရှိစေရန်၊ အဖွဲ့အစည်းစိတ်ဓါတ်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်၊ စဉ်းစားတွေးခေါ်နိုင်မှုစွမ်းရည်များရင့်သန်လာစေရန်၊ အကောင်းအဆိုး/အမှားအမှန်ကို ကိုယ်ပိုင်ဉာဏ်ဖြင့်ချင့်ချိန်၍ဆုံးဖြတ်ချက်များချမှတ်နိုင်စေရန်၊ လူအများရှေ့မှောက်တွင် ပြောရဲ ဆိုရဲသည့်သတ္တိရှိစေပြီး နုတ်မှုစွမ်းရည်များတိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်အချိန်တွင်အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးဦးကိုကြီးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးစန်းဝင်းက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့်စကားလက် ဆောင်ပါးဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍အားကစားနှင့်ကာယပညာဦးစီဌာနမှ ဦစီးအရာရှိဦးကျော်ဝေက အားကစားကဏ္ဍနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။
လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုဆက်လက်ကျင်းပရာ အ.ထ.က(၂) Grade-11မှ ကျေင်းသူ မကြည်ဖြူဦး၊ အ.ထ.က(၁) Grade-10မှကျောင်းသူ မခင်ပပလှိုင်၊ အ.ထ.က (၃) Grade-11မှ ကျေင်းသား မောင်မင်းခိုင်စိုး၊အ.ထ.က(၂) Grade-11မှ ကျေင်းသား မောင်ထူးမြတ်တို့က လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့်မူးယစ်အန္တရာယ် စသည့်ခေါင်းစဉ်များဖြင့် ဝိုင်းဖွဲ့ဆွေးနွေးခဲ့ကြသည်။
ထို့နောက်ဆွေးနွေးမှုနှင့်ပတ်သက်၍ သိရှိလိုသည့်မေးခွန်းများကို ကျောင်းသား/ကျောင်း သူများကမေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသောနံရံကပ်စာ စောင်များကိုကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
စိုးမင်းထွန်း