ဂွမြို့တွင် အချိုမှုန့်၏ အန္တရာယ်အသိပညာပေး ဆွေးနွေးပွဲပြုလုပ်

ဂွ   ဇန်နဝါရီ  ၂၄

ရခိုင်ပြည်နယ်၊ ဂွမြို့နယ် စာသုံးသူရေးရာဦးစီးဌာနမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ခန်းမ၌ အချိုမှုန့်၏ အန္တရာယ်အသိပညာပေး  ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း စာကြည့်တိုက်သို့စာပေလာရောက် လေ့လာဖတ်ရှုသူများနှင့် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဒေါ်မာမာလေးက အချိုမှုန့်၏ သမိုင်းကြောင်း၊ ဇီဝနည်းပညာကိုအခြေခံ၍ ထုတ်လုပ်သော အချိုမှုန့်စားသုံးခြင်း၏ ကျန်းမာရေးဆိုးကျိုးအန္တရာယ်များ၊ အချိုမှုန့်စားသုံးခြင်းကြောင့်ရရှိလာမည့် ကျန်းမာရေးဆိုးကျိုးများလျော့နည်းစေရန်စားသုံးနည်းနှင့် သတိထားဆင်ခြင်သင့်သောအကြောင်းအရာများကို ပြောကြားဆွေးနွေးခဲ့ကြောင်းနှင့် ဆွေးနွေးပွဲ တက်ရောက်သူများ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်