မိုင်းငေါ့ ဇန်နဝါရီ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ (၃၂) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ကို ယနေ့နံနက် (၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ရုံးခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က မိမိတို့ဝန်ထမ်းများအနေဖြင့် ဌာနလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးစားဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြောကြားခဲ့ပြီး မြို့နယ်ဦးစီးမှူးမှ ဝန်ထမ်းများအား (၃၂)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့၊ ပြန်/ဆက်)