မြင်းခြံမြို့ ဆန္ဒတော်ပြည့်စေတီအား ရေသပ္ပာယ်ခြင်းနှင့်သန့်ရှင်းရေးများပြုလုပ်

မြင်းခြံ ဇန်နဝါရီ ၂၄

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ ဆန္ဒတော်ပြည့်စေတီတော်မြတ်ကြီးအား ရေသပ္ပာယ်ခြင်းနှင့်သန့်ရှင်းရေးများပြုလုပ်ခြင်းကို ယနေ့နံနက်(၇) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိ ရသည်။

ဆန္ဒတော်ပြည့်စေတီတော်ကြီးတွင် ငှက်ချေးများ၊ အမှိုက်များသန့်ရှင်းခြင်းနှင့် ရေသပ္ပာယ်ခြင်းကို မြင်းခြံခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်သက်လှိုင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် ဦးစီးမှူးဦးအောင်ကိုသန့်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များက စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြသည်။ရေသပ္ပာယ်ခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်းအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်ဝင်းစိန်တို့က ကြည့်ရှုခဲ့ကြောင်း သိရသည်။                           

ကျော်စွာ(မြင်းခြံ)