ကော့မှူး ဇန်နဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်ပိုင်းက လူငယ်နှင့်ယဉ်ကျေးမှုအကြောင်းအသိပညာပေး Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
အသိပညာပေး Talk Show တွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဇာခြည်စိမ့်က ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် အသိပညာပေး Talk Show များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် Book Club အသင်းမှအဖွဲ့ဝင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး (ငြိမ်း) ဒေါ်တင်သန်းက လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် စာရိတ္တနှစ်မျိုး ရှိကြောင်း၊ သီလကိုစာရိတ္တသီလဟုခေါ်ကြောင်း၊ လူ၏တန်ဖိုးအမှန်သည် ဥစ္စာရွှေငွေအပေါ်မှာ မူတည်မှုမရှိဘဲ လူ၏တန်ဖိုးသည် စာရိတ္တကောင်းခြင်းဖြစ်ကြောင်း၊ လူငယ်များသည် စာရိတ္တကောင်း၏ အခြေခံများကို သိရှိနားလည်ရမည်ဖြစ်ကြောင်း၊ စာရိတ္တကောင်း၏ အခြေခံများမှာ ကျောင်းမှန်မှန်တက်ခြင်း၊ စာမှန်မှန်ကျက်ခြင်း၊ ဆရာ/ ဆရာမများ သင်ကြားပေးသောစာများ၊ ဆုံးမပဲပြင်ပေးသောစကားများကို မှတ်သားနားထောင်ရမည် ဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်ဆံရာတွင် အများသူငှာ နှစ်လိုဖွယ်ဖြစ်အောင် ချစ်ခင်အောင် ပြောဆိုဆက်ဆံရမည် ဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားတက်ပြီး ကောင်းမြတ်သော ကိုယ်ကျင့်တရားများ လိုက်နာတတ်သူ ထိန်းသိမ်းတတ်သူများဖြစ်အောင် ကြိုးစားကြပါရန် ပြောကြားခဲ့ကြောင်း သိရသည်။
ကျော်သူရ