ချမ်းမြသာစည် ဇန်နဝါရီ ၂၄
(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ပြပွဲနှင့်ပြိုင်ပွဲများကို ယနေ့နံနက် (၁၀)နာရီ ကမန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနပြည်သူ့စာကြည့်တိုက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြပွဲ/ပြိုင်ပွဲများကျင်းပရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ခင်စိမ်း၀င်းက ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် စာစီစာကုံးပြိုင်ပွဲနှင့် ပုံပြင်ဖတ်ပြိုင်ပွဲများကို ကျင်းပဆောင်ရွက်ခဲ့ သည်။ အဆိုပါ ပြိုင်ပွဲများအနက် ပြည်ထောင်စုနေ့ ဒို့မမေ့ခေါင်းစဉ်ဖြင့်စာစီစာကုံးပြိုင်ပွဲသို့ အမှတ်(၃၁)အခြေခံပညာအထက်တန် းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ (၂၀)ဦး၊ ပုံပြင်ဖတ်ပြပြိုင်ပွဲသို့(၁၀)ဦး စုစုပေါင်း(၃၀)ဦး ပါ၀င် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ဦးစီးမှူး၊ ဒုတိယဦးစီးမှူးနှင့် တာ၀န်ခံဆရာမတို့က ကျောင်းသုံးဗလာစာအုပ်များ၊ ဘောလ်ပင်များကို အမှတ်တရ ချီးမြှင့်ပေးအပ်ကာ ပထမ၊ဒုတိယ၊တတိယနှင့်နှစ်သိမ့်ဆုရရှိကိုဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် ပြိုင်ပွဲများအပြီးတွင် ကျောင်းသား/သူများသည် ပြည်သူ့စာကြည့်တိုက်အတွင်း ခင်းကျင်းပြသထားသော စာအုပ်စာစောင်များအား လေ့လာဖတ်ရှုခဲ့ ကြကြောင်း သိရသည်။
ခင်စိမ်း၀င်း