နွားထိုးကြီး ဇန်နဝါရီ ၂၄
မြင်းခြံခရိုင် နွားထိုးကြီးမြို့တွင် အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)နှစ်ထိ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီက လက်ပန်(အလက)၊ ဆူးဖြူကန်(အလက)၊ ကွေ့ကြီး(မူလွန်)၊ ရေလည်(အလက)၊ နဘဲမြစ်(အလက)၊ မကျည်းကုန်း(အမက)၊ သင်းတီး(အမက)၊ ဒိုင်းလည်(မူလွန်)၊ ဒိုင်းလည်တ(အမက)၊ နနွင်းတော်ဘိုး(အထက)၊မုဌော(အမက)၊အောင်သာ(အမက)၊မန်ကျည်းကုန်း(အမက)၊ချင်းယား(အမက)ကျောင်းတို့၌ ဆေးထိုးစုရပ်များခွဲ၍ တတိယအကြိမ်ဆက်လက်ထိုးနှံပေးခဲ့သည်။
ကိုဗစ်-၁၉ရောဂါထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဌတွင်ပါဝင်သည့် လုပ်ငန်းဖြစ်သောကြောင့် ကျောင်း သား၊ကျောင်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကာကွယ်နိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ပညာရေးဦး စီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့၏ ကူညီဆောင်ရွက်မှုဖြင့် ယနေ့တွင်အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူ (၉၈၆)ဦး၊စုစုပေါင်း( ၈၅၂၉ )ဦးကို သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းအုပ်ဆရာကြီးများ၏ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်းများကထိုးနှံပေးခဲ့ပြီး ကျန်ရှိနေသာကျောင်းသား၊ကျောင်းသူများကို ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်းသိရသည်။
သန်းအောင်ဇော်