မိုးနဲ ဇန်နဝါရီ ၂၄
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပေါ့မိုင်းရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်းတွင် စာအုပ်ပြပွဲ၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေ က ပြပွဲ၊ ဟောပြောပွဲများ လာရောက်ဆောင်ရွက်ရခြင်းနှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြို့နယ်စာကြည့်တိုက်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်နန်းမွမ်းဆိုင်က ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံကိုလည်းကောင်း ဟောပြောဆွေးနွေးခဲ့ကြ သည်။
ဆက်လက်၍ စာအုပ်ပြပွဲနှင့် စာဖတ်ဝိုင်းကို ဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူလေးများက မိမိနှစ်သက်ရာစာအုပ်များကို ရွေးချယ်ဖတ်ရှုခဲ့ကြသည်။ ထို့နောက် ခင်းကျင်းပြသထားသော မိုးနဲမြေနံရံကပ်စာစောင်ရှိ မူးယစ်ဆေးဝါအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပြည်ထောင်စုတိုင်းရင်းသားဓာတ်ပုံများ၊ ဆုရမှတ်တမ်း ဓာတ်ပုံများကို ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)