နွားထိုးကြီးမြို့တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယအကြိမ် (Booster Dose) ထိုးနှံ

နွားထိုးကြီး ဇန်နဝါရီ ၂၃ 

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့တွင် အခြေခံပညာကျောင်းများမှ အသက်()နှစ်မှ (၁၂)နှစ် ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက် နာရီက ညောင်ဇင်(မူလွန်) ပဲချက်(အထကခွဲ) မြတောင်(မူလွန်) မကျည်းကန်(အထကခွဲ) ထနောင်းပင် လဲ(အမက) တဇောက်(အမက) ကုက္ကိုလ်ဇီး(မူလွန်) မြိုင်သာ(အမက) ရွာသစ်(အမက) ပဒေါင်း (အထကခွဲ) ဆေးခင်းကြီး(အမက) ရိုးမ(အမက) လုံးတောသမန်းတော(အထကခွဲ)ကျောင်းတို့၌ ဆေးထိုး  စုရပ်များခွဲ၍ တတိယအကြိမ် ဆက်လက်ထိုးနှံပေးခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဌတွင်ပါဝင်သည့် လုပ်ငန်းဖြစ်သောကြောင့် ကျောင်းသား၊ ကျောင်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်နိုင်ရေးအတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဦးစီး ဌာန၊ ကျန်းမာရေးဦးစီးဌာနတို့၏ ကူညီဆောင်ရွက်မှုဖြင့် ယနေ့တွင်  အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၁၁၉၁)ဦး၊စုစုပေါင်း(၇၅၄၃)ဦးကို သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းအုပ်ဆရာကြီးများ၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ကျန်းမာရေးဝန် ထမ်းများက ထိုးနှံပေးခဲ့ပြီး ကျန်ရှိနေသာ ကျောင်းသား၊ ကျောင်းသူများကို ဆက်လက်ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။

သန်းအောင်ဇော်