သုံးခွ စက်တင်ဘာ ၂၅
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် Stay Home ကာလအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံနှံ့မှုမဖြစ် ပေါ်စေရေး၊ လူစုလူဝေးဖြစ်ပေါ်မှုကို လျှော့ချနိုင်စေရန်အတွက် သုံးခွမြို့မဈေးကြီးတွင် စားသောက်ကုန် ပစ္စည်းနှင့် သား/ငါး၊ အသီးအနှံများသာရောင်းချခွင့်ပြုထားပြီး အခြားမည်သည့် ဆိုင်မျှ ဖွင့်လှစ်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် (၁၀) နာရီက ဆောင်ရွက်ခဲ့သည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာသို့ သုံးခွ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေး အဖွဲ့၀င်များနှင့် ကော်မတီဝင်များမြို့နယ်အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြို့နယ်အုပ်ချုပ် ရေးမှူး ဦးကျော်မျိုးနိုင်၊ မြိုနယ်စည်ပင်သာယာရေး ဥက္ကဋ္ဌ ဦးစိန်၀င်းမောင်၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခိုင်ကြည်သာလှနှင့် မြို့နယ်စည်ပင် သာယာရေး အဖွဲ့ဝင်များ၊ မြို့မဈေးတာဝန်ခံနှင့် ဈေးကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ဖွင့်လှစ်ခွင့် ပြုထားသည့် အသီးအနှံ၊စားသောက်ကုန်နှင့် သား/ငါး ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များ လိုက်နာနိုင်ရေးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ထုတ်ပြန်ချက်များ လမ်းညွှန်ချက် များအား လိုက်နာဆောင်ရွက်ကြစေရေးနှင့် ဈေးရောင်းချသူများ ဈေးရောင်းရာတွင် နှာခေါင်းစည်း Mask နှင့် Face Shield များ တပ်ဆင်ပြီးမှ ဈေးရောင်းချရန်အသိပေး ပြောကြား ခဲ့ကြောင်း သိရှိရသည်။
စည်သူလင်း