တံတားမြို့တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်း ဆောင်ရွက်

တံတား ဇန်နဝါရီ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့ နံနက် (၉:၃၀)နာရီအချိန်က တံတားမြို့၊ တာပကျေးရွာအတွင်းရှိ အ.လ.က ကျောင်းသို့သွားရောက်၍ နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်နှင့် အသိပညာပေး ဟောပြောပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး  ဒေါ်မိုးဖြူလွင်က ကျောင်းသားလူငယ်များအနေဖြင့် ကျောင်းစာများအပြင် ပြင်ပဗဟုသုတများ ရရှိစေရန်၊ စာအုပ်စာပေများကို ဖတ်ရှုရန်လိုအပ်ကြောင်း၊ စာပေမှရရှိသော အသိအမြင်များကြောင့် သူတစ်ပါး၏ လိမ်လည်ဖြားယောင်းမှုကို မခံရကြောင်း၊ စာအုပ်စာပေသည်မိမိတို့၏ မိတ်ဆွေစစ်များဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအား အသိပညာတိုးပွားလာစေရန် နိုင်ငံတော်အစိုးရ၏ လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများပါဝင်သော ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ အသိပညာပေးနံရံကပ်စာစောင်များပြသ ဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (တံတား)