(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်သန်လျင်၌ ပြသ

သန်လျင် ဇန်နဝါရီ  ၂၃

၂၀၂၃ ခုနှစ် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင် ဓာတ်ပုံပြပွဲကို ယနေ့ နံနက် ၉ နာရီတွင် သန်လျင်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်ဖြူသွယ်ထွန်းက အခမ်းအနားကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ခရိုင်ရုံး ဒုတိယဦးစီးမှူး ဒေါ်စမ်းစမ်းစိမ့်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောသည်။

ဆက်လက်၍ ပြခန်းအတွင်း ခင်းကျင်းပြသထားသော ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဓာတ်ပုံ၊ နံရံကပ်စာစောင်ပြပွဲအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

ခရိုင်(ပြန်ဆက်)