ပန်းဘဲတန်း စက်တင်ဘာ ၂၅
ပန်းဘဲတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုဖြစ်ပွားခဲ့သော အမှတ်(၇)ရပ်ကွက်ရှိ Lock down ချထားခြင်းခံရသော အိမ်ထောင်ဝင်ပြည်သူများအား စားသောက်ရေး အခက်အခဲမဖြစ်စေရန်အတွက် ဒုတိယအကြိမ် စားသောက်ကုန်များ ဖြန့်ဝေခြင်းကို အမှတ်(၇)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲနိုင်မောင်မောင်နှင့် အဖွဲ့ဝင်များက ယမန်နေ့က ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ဖြန့်ဝေရာတွင် အမှတ်(၇)ရပ်ကွက်၊ လမ်း(၃၀)အလယ်လမ်း၊ (၂၉)လမ်း(အလယ်) အတွင်းရှိ Lock down ချထားခြင်းခံရသော အိမ်ထောင်စုဝင်ပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်အတွက် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များအား ဒုတိယအကြိမ် ဖြန့်ဝေလှူဒါန်းခြင်းဖြစ်ကြောင်း အမှတ်(၇)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲနိုင်မောင်မောင်၏ ပြောကြားချက်အရ သိရှိရပါသည်။
နေခြည်(ပြန်/ဆက်)