မောက်မယ် ဇန်နဝါရီ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်မြန်မာ့စီးပွားရေးဘဏ်က မြို့နယ်အတွင်းရှိ ပင်စင်အငြိမ်းစားဝန်ထမ်းများကို ယနေ့နံနက် ၉နာရီက ပင်စင်လစာငွေများ စနစ်တကျ ထုတ်ပေးလျက်ရှိရာ စိတ်အေးချမ်းစွာ လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။
မောက်မယ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် တစ်မြို့နယ်လုံး ပင်စင်အငြိမ်းစားဝန်ထမ်း(၉၀)ဦး ကျော်ရှိပြီး ပင်စင်အငြိမ်းစားဝန်ထမ်းများ အဆင်ပြေချောမွေ့စွာ လာရောက်ထုတ်ယူနိုင်ရေးအတွက် ပင်စင်လစာငွေများ ထုတ်ပေးရာတွင် လစဉ်လတိုင်း နိုင်ငံ့ဝန်ထမ်းများလစာ ထုတ်ရက်မတိုင်မီ(၂၁)ရက် နေ့မှစတင်၍ ရုံးပိတ် ရက်များမှ အပရုံးဖွင့်ချိန်များတွင် နေ့စဉ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ဘဏ်ဝန် ထမ်းတစ်ဦးက ပြောကြားကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)