ကျောက်ဆည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကာက်ပွဲကို မဲရုံပေါင်း(၂၂၀)ဖြင့် ကျင်းပဆောင်ရွက်သွားမည်

ကျောက်ဆည် စက်တင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မဲရုံပေါင်း (၂၂၀)ရုံဖြင့် ကျင်းပဆောင်ရွက်သွာမည်ဖြစ်ကြောင်းနှင့် နိုင်ငံရေးပါတီများအနေဖြင့်(၇ )ပါတီမှတ်ပုံတင် ထားပြီး ကိုယ်စားလှယ်လောင်း(၂၁ )ဦးဝင်ရောက်အရွေးခံမည်ဖြစ်ကြောင်း မြို့နယ်ရွေးပွဲကော်မရှင်အဖွဲ့ခွဲ ရုံးမှ သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် ပထမအကြိမ်တွင်မဲစာရင်းများ ထုတ်ပြန်ကြေညာခဲ့သည် မဲစာရင်းအရမဲဆန္ဒရှင် ဦးရေ ( ၁၉၂၆၉၀)ဦး ရှိပြီး ဒုတိယအကြိမ် ထုတ်ပြန်ကြေညာမည့်  မဲစာရင်းတွင် မဲဆန္ဒရှင်ဦးရေ (၁၉၄၀၈၉ )  ဦး ရှိကာ ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာသည့်နေ့ရက်တွင် ကပ်ထားကြေညာပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကျောက်ဆည်မြို့နယ်တွင်  မဲရုံမှူး၊ ဒုမဲရုံမှူး ( ၄၄၀)ဦးအား ကိုဗစ်-၁၉  ရောဂါ ကာကွယ် ထိန်းချုပ်ရေး အတွက်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များ နှင့်အညီ ၂၀၂၀ပြည့်နှစ် ၊အောက်တိုဘာလတွင် အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ သင်တန်းများကို ဖွင့်လှစ်ပို့ချ ပေးသွား မည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်နွဲ့နွဲ့ခိုင်  ကပြောပြ၍ သိရသည်။
တင်တင်ထွေး(ခရိုင်ပြန်/ဆက်)