မြောက်ဥက္ကလာပ စက်တင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူများနှင့် ဆက်စပ်သူများထားရှိသည့် Quarantine Centre များနှင့် ဆေးရုံများသို့ နေ့လယ်စာထမင်းဘူးများကို အလှူရှင်များမှ ယမန်နေ့ နံနက် ၁၀ နာရီက သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် အလှူရှင် ကိုစိုးဇင်နှင့် သူငယ်ချင်းများက Quarantine Centre ဖြစ်သည့် (၂)ရပ်ကွက်ရှိ မယ်လမုသုံးထပ်ဓမ္မာရုံတွင် ထမင်းဘူး (၇၀)ဘူး၊ ရွှေပေါက်ကံမြို့သစ် အ.ထ.က(ခွဲ) လ(၁၀)ကျောင်းတွင် ထမင်းဘူး (၇၀)ဘူး၊ (င)ရပ်ကွက် အ.ထ.က(၅)ကျောင်း အတွက် ထမင်းဘူး (၃၀)ဘူး၊ မြောက်ဥက္ကလာပဆေးရုံအတွက် ထမင်းဘူး(၁၃၀)ဘူး၊ ဝေဘာဂီဆေးရုံအတွက် ထမင်းဘူး (၅၀)ဘူးကို ဈ/ဖြူစင်မေတ္တာအသင်းမှ ဦးဆောင်၍ ပရဟိတအဖွဲ့များ၊ အလှူရှင်များ စုပေါင်းပြီး လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဖြူစင်မေတ္တာပရဟိတအသင်းမှ ပုရွတ်ဆိတ်ကုန်းရပ်ကွက်ရှိ ဘုန်းကြီးကျောင်း များအား ပိုးသတ်ဆေးဖြန်းခြင်းနှင့် Mask များကို လှူဒါန်းခဲ့ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)