ကျောက်မဲမြို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျောက်မဲ ဇန်နဝါရီ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကျောက်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ရွှေက အဖွင့်အမှာစကားပြောကြားပြီး ကျောက်မဲခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်လေးမှ “မီးခိုးမြူငွေ့အန္တရာယ် ဝိုင်းဝန်းစုပေါင်းကာကွယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောက်မဲခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဆွေဇင်မြင့်မှ “မြေဆီလွှာထိန်းသိမ်းရေးနည်းပညာ”‌ ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ဟောပြောပွဲသို့ ‌ကျောက်မဲမြို့နယ်မှ ဌာနဆိုင်ရာများ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့‌ပြီး တာဝန်ရှိသူများက ၎င်းတို့ဌာနထုတ် လက်ကမ်းစာစောင် များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)