အုတ်တွင်း စက်တင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှုများ မြင့်တက်လာ သည်နှင့်အမျှ ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးတိုးဝင်းနိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့မဈေးကြီးတွင် ကိုဗစ်-၁၉ အသိပညာပေးလုပ်ငန်းများ ကို ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ ကျန်းမာရေး သီချင်းများကို Hand Speaker ဖွင့်၍ နှိုးဆော်ပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ဈေးရောင်း/ဈေးဝယ် သူများ နှာခေါင်းစည်း(Mask)များ တပ်ဆင်ခြင်း ရှိ/မရှိ လိုက်လံစစ်ဆေးခဲ့ပြီး လိုက်နာ ခြင်းမရှိပါက သဘာဝဘေးအန္တရာယ် ဆိုင်ရာဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးတိုးဝင်းနိုင်ထံ မှ သိရသည်။
စည်သူ (ပြန်/ဆက်)