သုံးခွ စက်တင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ယမန်နေ့ နံနက်ပိုင်းက ကာကွယ်ရေးသုံးပစ္စည်းများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ္စည်းများပေးအပ်လှူဒါန်း ရာတွင် ကိုဗစ်-၁၉ကာကွယ်၊ ထိန်းချုပ်ကုသရေး ကော်မတီ တွင် အသုံးပြုနိုင်ရန် သုံးခွမြို့ အမှတ် ၄ ရပ်ကွက်နေ ဦးတင်မောင်ထွန်း၊ ဦးမျိုးအောင် မိသားစု တို့မှ PPE 100% 10 ထည်၊ N 95 5 Boxs၊ KN 95 30 Pcs၊ Apron 100 Pcs၊ ရင်ဘတ်ကာ 30 ခု၊ မျက်မှန် 5 ခု၊ Cap 300 Pcs၊ လက်အိပ် 100 ခုတို့အား လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်