ထန်းတပင်(ရန်ကုန်) စက်တင်ဘာ ၂၅
ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်သွားနိုင်ရေးအတွက် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးကြီး ကျေးရွာအုပ် စုတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးတုံပြန့်ရေးအဖွဲ့ ကွပ်ကဲရေးစခန်း အမှတ်(၂)ကို ဖွင့်လှစ် ဆောင်ရွက်ပြီးဖြစ်ကြောင်း ပုညပါရမီလူမှုကူညီကယ်ဆယ်ရေးအသင်း၏ နာယက ထန်းတပင်ဗုဒ္ဓ ကောလိပ်ကျောင်းအုပ် ပုညသုခဓမ္မရိပ်သာကျောင်း ဆရာတော် ဒေါက်တာအရှင်ပုညာနန္ဒထံမှ သိရသည်။
ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်လို့ ထန်းတပင်နဲ့ ဆိုင်တယ်ဆိုရင် အများဆုံးက ရိုးကြီးရိုးလေးမှာ အဖြစ်အများဆုံးဖြစ်တယ်၊ ထန်းတပင်တစ်ခုလုံးမှာ ဆိုလိုရှိရင်၊ လူဦးရေအများဆုံးကလည်း ရိုးကြီး၊ ရိုးလေးအများဆုံးလို့ သိထားရတယ်၊ အဲဒီနေရာကို တည်ချက်ထားပြီးတော့ ရွှေပြည်သာ၊ အင်းစိန်၊ လှိုင်သာယာ အဲလိုမျိုး နဲ့ချိတ်ဆက်တဲ့ နယ်မြေနားမှာ ကွပ်ကဲရေးစခန်း(၂)ကို ဖွင့်လိုက်တာပေါ့၊ အမှန် တိုက်ဖျက်ရေးမှာ ထိထိရောက်ရောက်ဖြစ်ချင်လို့ ကာကွယ်ရေးမှာလည်း ထိထိရောက်ရောက်ဖြစ်ချင်လို့ ကိုဗစ်နဲ့ ပတ်သက်လို့သိလိုက်တာနဲ့ တခါတည်းတန်းထွက်ပြီး တခါတည်း ခေါ်မယ်၊ နောက်ကကားတွေက ဆေးဖျန်းမယ် ဒီလိုစီစဉ်ဆောင်ရွက်ထားပါတယ်ဟု ဆရာတော်ဒေါက်တာ အရှင်ပုညာနန္ဒ မိန့်ကြားခဲ့သည်။
ထန်းတပင်မြို့နယ်အတွင်းရှိ အခြေစိုက်အသင်းများနှင့် မြောက်ပိုင်းခရိုင် လူမှုကူညီကယ်ဆယ် ရေးအဖွဲ့ YRO တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးတုံပြန့်ရေးအဖွဲ့ ကွပ်ကဲရေးစခန်း အမှတ်(၂)ကို စက်တင်ဘာလ(၂၃)ရက်နေ့မှစတင်၍ ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ဖွင့်ပွဲသို့ ပုညပါရမီလူမှု ကူညီကယ်ဆယ်ရေးအသင်း၏ နာယက ထန်းတပင်ဗုဒ္ဓကောလိပ်ကျောင်းအုပ် ပုညသုခဓမ္မရိပ်သာ ကျောင်းဆရာတော် ဒေါက်တာအရှင်ပုညာနန္ဒ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထွန်း၊ တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဘုန်းကျော်စံဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းနှင့် လူမှုကူညီကယ်ဆယ်ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။
ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ ထိထိရောက်ရောက် ကာကွယ်နိုင် ရေးအတွက်လည်း စေတနာ့ဝန်ထမ်းအသင်းပေါင်း (၂၅)သင်းဖြင့် စုစည်းကာ ထန်းတပင်လူမှုကူညီ ကယ်ဆယ်ရေးကွန်ယက် ယာယီရုံးခန်းကို ပုညသုခဓမ္မရိပ်သာကျောင်းတွင် ဖွင့်လှစ်ဆောင် ရွက်ထား ရှိကြောင်းသိရပြီး ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ ဆက်သွယ်အကူအညီ တောင်းခံလာပါကလည်း ပုည ပါရမီလူမှု ကူညီကယ်ဆယ်ရေးအသင်း၏ နာယက ထန်းတပင်ဗုဒ္ဓကောလိပ် ကျောင်းအုပ် ပုညသုခဓမ္မရိပ်သာကျောင်း ဆရာတော် ဒေါက်တာအရှင်ပုညာနန္ဒ ဖုန်း-၀၉၄၅၆၉၄၂၂၄၀ သို့ ဆက်သွယ်၍ အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)