ကျိုက်မရော စက်တင်ဘာ ၂၅
မော်လမြိုင်ခရိုင် ၊ ကျိုက်မရောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ ခန်းမ၌ စားသုံးသူ အခွင့်အရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၉နာရီခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ မြို့နယ် ဦးစီးမှူးဒေါ်ချိုမြတ်မြတ်ထွေးက အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားပြီး မော်လမြိုင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယခရိုင်ဦးစီးမှူး ဦးစိုင်းဆိုင်လှိုင်းကကိုဗစ်-၁၉ရောဂါကာလအတွင်း စားသုံးသူရေးရာ ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ စားသုံးသူကာကွယ်ရေး လုပ်ငန်းများ နှင့် စားသုံးသူအခွင့်အရေးများ ကိုစားသုံးသူများ သိရှိပြီး တောင်းဆိုတတ်လာ အောင်၊ စီးပွားရေးလုပ်ငန်းရှင်တွေကို လည်း စားသုံးသူများ၏ အခွင့်အရေးများကို အလေးထားတဲ့ လုပ်ငန်းရှင်များဖြစ်လာစေရန် အသိပညာပေးလျက်ရှိပြီး ဥပဒေပါ တားမြစ်ချက်တွေကို ချိုးဖောက်မှု မရှိအောင် လိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများကိုဆွေးနွေးခဲ့သည်။
ထို့နောက် ကျိုက်မရောမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်က ကိုဗစ်-၁၉ ကာလအတွင်း စားသုံးကုန်ပစ္စည်း၅မျိုးနှင့် အရန်ဆီများ သိုလှောင် ရောင်းချရာတွင် သတ်မှတ်ထားသည့် စျေးနှုန်းများ အတိုင်းရောင်းချရန်နှင့် သတ်မှတ်စျေးနှုန်းထက်ပိုမိုရောင်းချခြင်းတွေ့ရှိပါက စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေများနှင့်အတူ online page မှလည်းကောင်း၊ တယ်လီဖုန်းဖြင့်လည်းကောင်း၊ လူကိုယ်တိုင်သော်လည်းကောင်း ဆက်သွယ် တိုင်ကြားနိုင်ကြောင်းနှင့် စားသုံးသူကာကွယ်ပေးရေးဥပဒေများကိုဆွေးနွေးခဲ့ ကြောင်း သိရသည်။
အဆိုပါ Talk Show ဆွေးနွေးခြင်းကို online မှတစ်ဆင့် ပြည်သူလူထုအားအသိပညာပေးနိုင်ရေးအတွက် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှသိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)