ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ၂၀၁၉ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော အစေ့ထုတ်ပြောင်းသီးနှံဧကများအတွက် ထောက်ပံ့ငွေပေးအပ်

ဟိုပုံး   စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ၂၀၁၉ ခုနှစ်အတွင်း သဘာဝဘေး အန္တရာယ် ကြောင့် ပျက်စီးသွားသော အစေ့ထုတ်ပြောင်း သီးနှံဧကများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက် (၁၀)နာရီအချိန် က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်က  အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်သန္တာလင်းက ၂၀၁၉ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော အစေ့ထုတ်ပြောင်းသီးနှံ ဧကများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ သည်။

ဆက်လက်၍ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော အစေ့ထုတ်ပြောင်းသီးနှံ ၁ ဧကလျှင် ငွေ(၁၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း ဧက (၅)ဧကအတွက် ငွေ(၅၀,၀၀၀)ကျပ် ထောက်ပံ့ပေးအပ်ရာ မြိုနယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲထွန်းအောင်က  အစေ့ထုတ်ပြောင်းသီးနှံ စိုက်ပျိုးတောင်သူ ဦးမောင်ညာအား ၁ ဧက အတွက် ငွေ(၁၀,၀၀၀)ကျပ်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးလွင်မြင့်က တောင်သူ ဒေါ်မွိုးစိန်အား ၂ ဧကအတွက် ငွေ(၂၀,၀၀၀)ကျပ်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်သန္တာလင်းက တောင်သူ ဒေါ်မွိုးခံအား ၂ဧကအတွက် ငွေ(၂၀,၀၀၀)ကျပ် အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

နေမင်းထွန်း(ဟိုပုံး)