လဲချားတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကာယစွမ်းရည်ပြိုင်ပွဲကျင်းပ

လဲချား ဇန်နဝါရီ ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို မူလတန်းအဆင့် ကာယစွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီခွဲ အချိန်က ကျင်းပခဲ့ပါသည်။

အဆိုပါ ပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေးမှ ကျောင်းသား/ကျောင်းသူ လူငယ်များအား စာကြည့်တိုက်ကို အသုံးချတတ်စေရန်၊ စာများများဖတ်စေရန်၊ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်လိုသော စိတ်ဖြစ်ပေါ်စေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ကာယစွမ်းရည်ပြိုင်ပွဲ သတ်မှတ်စည်းကမ်းချက်များကို ရှင်းပြကာ  မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့်  ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၅)ဦး ပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြပြီး ဆုရရှိသူများအား ဦးစီးအရာရှိမှ ဆုများနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

(လဲချား၊မြို့နယ်/ပြန်ဆက်)