သီပေါမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး ရပ်ကွက်/ ကျေးရွာအုပ်စုအဆင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်

  သီပေါ စက်တင်ဘာ ၂၅

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေး ရပ်ကွက်/ကျေးရွာအုပ်စုအဆင့် ဆင့်ပွားသင်တန်းအား ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပန်းတိမ်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့နံနက်(၁၀)နာရီ အချိန်ခန့်က ပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းတွင် ပန်းတိမ်တောင်ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌ ဦးစိုင်းဇော်ဝင်းက အမှာစကား ပြောကြားခြင်းနှင့် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပန်းတိမ်တောင်ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်သဇင်လှိုင်က ရွေးကောက်ပွဲနှင့်ဆိုင်သော အခြေခံဗဟုသုတများ၊ ရွေးကောက်ပွဲ ဉပဒေ၊ နည်းဉပဒေများ၊ လုပ်ငန်းလမ်းညွှန်များ၊ မဲပေးခြင်း၊ မဲစာရင်းပြုစုခြင်း၊ မဲစာရင်းစိစစ်ခြင်း၊ ကြိုတင်မဲပေးခြင်း၊မဲရလဒ်ထုတ်ပြန်ခြင်း၊ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏  တာဝန်နှင့် လုပ်ပိုင်ခွင့်များ  စသည့်သင်ခန်းစာများကို တစ်ရက်တာ သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ ပြန်/ဆက်)