ကွန်ဟိန်း ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ (Community Centre) ခန်းမ၌ စာရေးဆရာ ဒီဇင်ဘာမွန်း၏ ကလေးတို့အတွက် မြန်မာစကားပုံများ စာအုပ်ဖြင့် စာဖတ်ဝိုင်းအား ယနေ့နံနက် (၁၁)နာရီ အချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းပြည့်စန္ဒီမြင့် က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ယင်းနောက် Book Club အဖွဲ့ဝင် ဒေါ်လှိုင်ဇင်ဝင်း က စာအုပ်ပါအကြောင်းအရာများအား ဦးဆောင်ဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက အပြန်အလှန်ပြန်လည် ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ စာဖတ်ဝိုင်းအား စာဖတ်သူတိုးပွါးလာစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ ဗဟုသုတများဖလှယ်သည့် အလေ့အထများ တိုးပွါးလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး Book Club အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ စုပေါင်း (၂၀) ဦးခန့် ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကွန်ဟိန်း(ပြန်/ဆက်)