မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် စီမံကွပ်ကဲရေး(အခြားအဆင့်) သင်တန်းနှင့် စတိုပစ္စည်းထိန်းသင်တန်းများဆင်းပွဲ အခမ်းအနားကျင်းပ

မိတ္ထီလာ ဇန်နဝါရီ ၂၀

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် စီမံကွပ်ကဲရေး(အခြားအဆင့်) အမှတ်စဉ်(၇၃/၂၀၂၂)နှင့် စတိုပစ္စည်းထိန်းသင်တန်း အမှတ်စဉ်(၅၄/၂၀၂၂) များဆင်းပွဲအခမ်းအနားကို ယနေ့နံနက်က အဆိုပါသင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးမင်းချစ်ဦးက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းတွင် ထူးချွန်စွာအောင်မြင်ကြသူများအား ဆုများအသီးသီး ပေးအပ်ခဲ့ချီးမြှင့်ခဲ့သည်။ ထို့နောက် ညွှန်ကြားရေးမှူး ဒေါက်တာအောင်မျိုးကျော်(စီမံ)က သင်တန်းဆင်းလက်မှတ်များအား သင်တန်းသား သင်တန်းသူ များအားပေးအပ်ခဲ့ပြီး ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများက သင်တန်းသား သင်တန်းသူများအား လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။ ၎င်းစီမံကွပ်ကဲရေး(အခြားအဆင့်) အမှတ်စဉ် (၇၃/၂၀၂၂)တွင် သင်တန်းသား သင်တန်းသူ ၁၇ ဦး တက်ရောက်ပြီး သင်တန်းကာလမှ ရက်သတ္တပတ် ၆ ပတ်ကြားမြှင့်ခဲ့ပြီး စတိုပစ္စည်းထိန်းသင်တန်း အမှတ်စဉ်(၅၄/၂၀၂၂)ကို သင်တန်းသား သင်တန်းသူ ၈ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် ၁၀ ပတ် ကြာမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်