ထန်းတပင်မြို့နယ်တွင် Quarantine Centre တစ်ခုထပ်တိုးဖွင့်လှစ် Community Base Quarantine Centre (၄)ခုထိရှိလာ

ထန်းတပင်(ရန်ကုန်) စက်တင်ဘာ ၂၅

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုများမရှိစေ ရေး ကြိုတင်ကာကွယ် သည့် အနေဖြင့် ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများ အား သီးခြားနေထိုင်စောင့်ကြည့်မှုများကို ပြုလုပ်သွားနိုင်ရေးအတွက် Community Base Quarantine Centre အဖြစ် အခြေခံပညာကျောင်း တစ်ကျောင်းကို စက်တင်ဘာလ(၂၄)ရက်နေ့တွင် ထပ်မံဖွင့်လှစ်ဆောင်ရွက်ထားရှိပြီး မြို့နယ်အတွင်း Community Base Quarantine Centre စုစုပေါင်း (၄)ခုထိဖွင့်လှစ်ထား ရှိပြီးဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရ သည်။

အ.ထ.က(ခွဲ)အုတ်ဖို အခြေခံပညာအထက်တန်းကျောင်းကို Quarantine Centre အဖြစ် ဒီနေ့ဘဲ့ ထပ်မံဖွင့်လှစ်လိုက် တာပါ၊ ဒီ အ.ထ.က(ခွဲ)အုတ်ဖို စင်တာမှာဆိုရင် Quarantine ဝင်ရောက်နေတဲ့သူ အားလုံး(၁၇)ဦးရှိပါတယ်၊ ဒီ Quarantine စင်တာနဲ့ဆို ထန်းတပင်မြို့နယ်မှာ Quarantine စင်တာ (၄)ခု ထိရှိနေပါပြီ မြို့နယ်အတွင်း Quarantine စင်တာ(၄)ခုမှာ Quarantine ဝင်ရောက်နေသူ ဦးရေအနေနဲ့ကတော့ (၁၆၉)ဦးထိရှိနေပါပြီဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းက ပြော သည်။

ထို့အပြင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အလှူရှင် များမှ လာရောက် လှူဒါန်းထားရှိသည့် ရေသန့်(၁)လီတာဘူး(၁၈၀)၊ အချို့ရည်ဘူး(၁၈၀)၊ လက်သန့် ဆေးရည်ဘူး(၇၆)ဘူးနှင့် ကြက်ဥအလုံး(၁၅၀)တို့ကို Quarantine Centre လေးခုတို့တွင် အသွား အလာကန့်သတ်ထားရှိသူများနှင့် စေတနာ့ ဝန်ထမ်းများအတွက် စက်တင်ဘာလ(၂၄)ရက်နေ့၊ မွန်းလွဲပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းနှင့် တာဝန်ရှိသူများက Quarantine စင်တာများသို့ သွားရောက်ကာ စင်တာတာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းပေးခဲ့ ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူ (Primary Contacts) များအား အသွားအလာကန့်သတ်မှုများကို ဆောင်ရွက်နိုင်ရေးအတွက် အ.ထ.က (ထန်းတပင်)ကျောင်းကို စက်တင်ဘာလ (၁၆)ရက်နေ့တွင်လည်းကောင်း၊ ရိုးခွဲ(အ.ထ.က)ခွဲကျောင်း နှင့်ရွာသစ် (အ.လ.က)ခွဲကျောင်းတို့ကို Quarantine Centre များအဖြစ် စက်တင်ဘာလ(၁၉)ရက် နေ့တွင်လည်းကောင်း ဖွင့်လှစ်ခဲ့ပြီး အုတ်ဖို(အ.ထ.က)ခွဲကျောင်းကို စက်တင်ဘာလ (၂၄)ရက်နေ့တွင် Quarantine Centre အဖြစ် ထပ်တိုးဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)