တပ်ကုန်း ဇန်နဝါရီ ၂၀
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး သန်းဇော်ထူး၊ တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးနိုင်လင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရဦး၊ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး၊ မြို့နယ်လမ်းဦးစီးဌာနတို့မှ တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းက တပ်ကုန်းမြို့နယ်အတွင်း မိုင်တိုင်အမှတ်၂၄၁၊ ရန်ကုန်-မန္တလေးကားလမ်းဘေး ဝဲ/ယာတစ်လျှောက်တွင် နွယ်ရစ်ကျေးရွာအုပ်စု၊ ကင်းသာကျေးရွာအုပ်စု၊ ရှောက်ကုန်းကျေးရွာ အုပ်စုများမှ ပြည်သူများ သန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများသည် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ခုတင်(၁၀၀)ပြည်သူ့ဆေးရုံသို့ သွားရောက်ခဲ့ပြီး ရုံးတွင်း/ရုံးပြင် သန့်ရှင်းသာယာလှပရေးအတွက် သန့်ရှင်းရေးဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် အခြေခံစစ်ရေးပြနှင့် လက်နက်ငယ်ပစ်ခတ်စဉ်ပါ(မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၃)သင်တန်းတက်ရောက်နေသည့် သင်တန်းသားရဲမေများအား တွေ့ဆုံ၍ နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး သန်းဇော်ထူးတို့က သင်တန်းထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များ၊ ရန်ကုန်-မန္တလေးကားလမ်းဘေးဝဲ/ယာအနီး၊ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံခြင်းအခမ်းအနား ဆက်လက်ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက အမှာ စကားပြောကြားရာတွင် နေပြည်တော်အတွင်း Green City၊ Clean City၊ Smart City များကို ဆောင်ရွက်နေလျက်ရှိကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ အထွက်တိုးကောင်းမွန်အောင် စနစ် တကျ စိုက်ပျိုးစေလိုကြောင်း၊ MSMEနှင့်ပတ်သက်၍ လက်ရှိလုပ်ငန်းများထက် ပိုမိုတိုးတက် အောင် ဆောင်ရွက်စေလိုကြောင်း၊ ဌာနဆိုင်ရာများအားလုံး မိမိရုံးဌာနအလိုက် ရုံးတွင်း/ရုံးပြင် သန့်ရှင်းသာယာလှပရေးကို အပတ်စဉ်အလေးထား ဆောင်ရွက်စေလိုကြောင်း တိုက်တွန်းပြော ကြားခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးနိုင်လင်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရဦးတို့က မြို့နယ်အတွင်း ဒေသဖွံ့ ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများ ဆွေးနွေးတင်ပြပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးက ပညာရေးဆိုင်ရာနှင့်ပတ်သက်သည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက တင်ပြချက်များနှင့် ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်