(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲ ဆုပေးပွဲ ကျင်းပ

အမ်း ဇန်နဝါရီ ၂၀

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တပ် တောင်မြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့အုပ်ချုပ်ရေးမှူးနှင့် လုပ်ငန်းရှင်များ ဘောလုံးဝါသနာရှင် လူငယ်များ စုပေါင်းကျင်းပသော ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက်က အမှတ်(၃) ရပ်ကွက် (အထက) ဘောလုံးအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သတင်းရသည်။

(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖိတ်​ခေါ်ဖလားဘော လုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲ ပွဲစဉ်နှင့် ဆုပေးပွဲ အခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ ပထမဒိုင်းဆု ရရှိသော လုံးကောက်ကျေးရွာမှ အလင်းဆောင်အသင်း၊ ဒုတိယဆုရရှိသော တပ်တောင်မြို့၊ အမှတ် (၃)ရပ်ကွက်မှ Future FC (1) အသင်းနှင့် တတိယဆုရရှိသော ရူးကျေးရွာ အသင်းတို့အား မြို့အုပ်ချုပ်ရေးမှူး ဦးအောင်သန်းနှင့် ဌာနဆိုင်ရာများ၊ တပ်တောင်မြို့စီးပွားရေးလုပ်ငန်းရှင်များက ဆုရဘောလုံး အသင်းများအား ဆုများ ပေးအပ်ခဲ့သည်။

အဆိုပါ ဖိတ်ခေါ်ဖလား ဘောလုံးအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၁၆ ရက်နေ့မှ ဘောလုံးအသင်း (၂၉) သင်းမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သတင်းရသည်။

စိုးမင်းထွန်း(ပြန်/ဆက်)