ရွှေပြည်သာမြို့နယ်၌ Grea-9 (သင်ရိုးဟောင်း) မေးခွန်းအောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ရွှေပြည်သာ ဇန်နဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ Gread-9 (‌သင်ရိုးဟောင်း) မေးခွန်း‌အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက်(၉:၃၀)အချိန်တွင် ရွှေပြည်သာမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ရွှေပြည်သာမြို့နယ်ပညာရေးမှူး ဦးဝင်းမြင့်မှရည်ရွယ်ချက်များနှင့် အဖွင့်အမှာစကားပြောကြားခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲသို့ ရွှေပြည်သာမြို့နယ်အတွင်းရှိ ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် Gread-9 (သင်ရိုးဟောင်း) သင်ကြားပေးနေသောဆရာ ဆရာမ(၁၄၂)ဦး တက်‌ရောက်ခဲ့ပြီး ဘာသာရပ်အလိုက်သင်ကြားမည့် နည်းပြ(၆)ဦးတို့က သက်ဆိုင်ရာဘာသာရပ်များကို သင်ကြားပို့ချခဲ့ပြီး တက်ရောက်လာကြသော ဆရာ၊ ဆရာမများက သိရှိလိုသည်များကို မေးမြန်းရာ နည်းပြဆရာ/ ဆရာမ(၆)ဦးတို့က ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း(ပြန်/ ဆက်)