အလုံမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆောင်းကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Booster) ထိုးနှံပေး

လုံ ဇန်နဝါရီလ ၂၀ 

ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်အတွက် ရည်ရွယ်ကာ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌  ၅နှစ်မှ ၁၂နှစ်အထိ ကျောင်းသား၊ ကျောင်းသူ (၂၄၄) ဦးအား ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး (Booster)   ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ကာကွယ်ဆေး ထိုးနှံရာတွင် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီးမှ  ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိပြီး အလုံမြို့နယ်တွင် ယနေ့အထိ ၅နှစ်မှ၁၂ အထိ ကျောင်းသား၊ ကျောင်းသူ ၅၇၁ ဦး ၊ ၁၂ နှစ်မှ ၁၈နှစ်အထိ ကျောင်းသား၊ ကျောင်းသူ  ၃၁၀  ဦးတို့အား ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးပြီဖြစ်သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ကြက်ခြေနီအဖွဲ့များ၊ ပရဟိတအဖွဲ့များမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။

တင်တင်ချို (ပြန်/ ဆက်)