ဒဂုံ ဇန်နဝါရီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့ ပူးပေါင်းစီစဉ်၍ "တို့ပတ်ဝန်းကျင်မထိခိုက်ရေး ဆေးလိပ်ဆေးရွက်ကြီးရှောင်ရှားပေး" ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ ဒဂုံမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ အထူးဆု (၁)နှင့်အထူးဆု(၂) စသည့်ဆုငါးဆုအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထို့နောက်ဆုရ ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ပြီး ဒဂုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေသန္တာက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့်အမှတ်ပေးစည်းမျဉ်းများအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲတွင်ပထမဆုရရှိသော မရဲရင့်နှင်းဆီလွင်၊ဒု တိယဆုရရှိသော မောင်ပြည့်စုံမြတ်သူ၊ တတိယဆုရရှိသော မကျော့ယမင်းခိုင်၊ အထူးဆု(၁)ရရှိသော မသန့်ရတီသော်နှင့် အထူးဆု(၂)ရရှိသော မောင်ပိုင်သုတဖြိုးတို့အား ဒဂုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဒဂုံမြို့နယ် အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာမကြီးများနှင့် မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ဝင်(၂) ဦးမြင့်အေးတို့က ဆုများကို အသီးသီးပေး အပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
ကြည်ဇေသော် (ပြန်/ ဆက်)