လယ်ဝေး ဇန်နဝါရီ ၁၉
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ မူလွန်(ဗဟို)ကျောင်း ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုပေးပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထွန်း၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက် ခဲ့ကြသည်။
ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထွန်းက အမှာစကားပြောကြားသည်။ ဆက်လက်၍ ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ ဦးစိုးလွင်က ပညာရေးဖွံ့ဖြိုး တိုးတက်အောင် ပံ့ပိုးကူညီဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းတင်ပြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နုနုလွင်က ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်တွင် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ပြိုင်ပွဲအသီးသီး၌ ထူးချွန်ဆုများရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူလေးများ ၏ အဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)