ကျိုက်မရော ဇန်နဝါရီ ၁၉
(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ်အဖြစ် ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက အလယ်တန်းအဆင့်ပန်းချီပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေး ကပန်းချီပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားရာ၌ မိမိတို့နိုင်ငံ၏ နေ့ထူး နေ့မြတ်များအကြောင်းကို အမှတ်ရနေစေရန်၊ ကျောင်းသား၊ ကျောင်းသူများအား တီထွင်ဖန်တီး လိုစိတ်မြင့်မားပြီး ဖြတ်ထိုးညဏ်စိတ်ကူး၊ စိတ်သန်းများထက်မြက်လာစေရန်၊ ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လိုစိတ်များ ဖြစ်ပေါ်စေရန်ရည်ရွယ်၍ ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အ.မ.က မူလွန်အောင်သုခကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၀) ဦးတို့က ပြည်ထောင်စုနေ့တို့မမေ့ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက အမှတ်တရဆုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)