မိုင်းရယ် ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးကျင်းပသည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အခြေခံပညာအလယ်တန်းအဆင့် စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲများကို ယမန်နေ့က လူထုအခြေပြုဗဟိုခန်းမ၌ ပြုလုပ်သည်။
အဆိုပါ စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲများသို့ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် မူလွန်(တပ်တွင်း)ကျောင်းတို့မှ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၃)ဦးတို့က ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက လူထုအခြေပြုဗဟိုခန်းမ၌ ပြသထားသည့် ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များကို ကြည့်ရှုခဲ့ကြသည်။
မိုင်းရယ် (ပြန်/ဆက်)