လှိုင်သာယာ(အနောက်ပိုင်း) စက်တင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကူးစက်ပျံနှံ့မှု မရှိစေရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးနိုင်ရေးအတွက်ရည်ရွယ်၍ လှိုင်သာယာမြို့နယ် ကိုဗစ်−၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီသို့ အလှူရှင်များ လာရောက်လှူဒါန်း ထားသည့် ကိုဗစ်−၁၉ ရောဂါကာကွယ် ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အထောက်အကူပြု ပစ္စည်းများအား လှိုင်သာယာမြို့နယ် ရပ်ကွက်/ကျေးရွာများတွင် ဖွင့်လှစ်ထားသည့် ကန့်သတ်စောင်ကြည့်စခန်းများနှင့် ပရဟိတ အဖွဲ့များအား ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ ယမန်နေ့ မွန်းလွဲပိုင်းက ပြန်လည်ပေးအပ်လှူဒါန်းခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် ဆရာတော်ဦးကေသရ ပရဟိတအဖွဲ့အား Sodium hypochlorite (၁)ပုံး၊ PPE လည်ရှည် ဖိနပ်(၃)စုံ၊ ကျွဲစိမ်းအချိုရည်(၁)ကဒ်၊ C+Lock အချိုရည်(၁)ကဒ်၊(၂)ရပ်ကွက် အ.ထ.က(၁) ကျောင်း ကန့်သတ်စောင့်ကြည့်စခန်းအတွက် နှာခေါင်းစည်း Mask အခု(၅၀)ပါ (၂၀)ဘူး၊ လက်သန့်ဆေးရည်5kg(၁)ပုံး၊လက်သန့်ဆေးဘူးခွံ(၅)ဘူး၊ အတွင်းပဒံကျေးရွာ အ.ထ.က (၁၂)ကျောင်း ကန့်သတ်စောင့်ကြည့်စခန်းအတွက် နှာခေါင်းစည်း Mask အခု(၅၀)ပါ (၇)ဘူး၊ လက်သန့်ဆေးရည် 5kg(၁)ပုံး၊ လက်သန့် ဆေးဘူးခွံ(၅)ဘူး၊ Sodium hypochlorite (၁)ပုံး၊ (၁၀)ရပ်ကွက်၊ အ.ထ.က(၁၁)ကျောင်း ကန့်သတ်စောင့်ကြည့် စခန်းအတွက် နှာခေါင်းစည်း Mask အခု(၅၀)ပါ (၄)ဘူး၊ လက်သန့် ဆေးရည်5kg(၁)ပုံး၊ လက်သန့်ဆေးဘူးခွံ (၅)ဘူး၊(၇)ရပ်ကွက် အ.ထ.က(၅)ကျောင်း ကန့်သတ် စောင့်ကြည့် စခန်းအတွက် နှာခေါင်းစည်း Mask အခု(၅၀)ပါ (၂၀)ဘူး၊လက်သန့်ဆေးရည်5kg (၁)ပုံး၊လက်သန့်ဆေး ဘူးခွံ(၅)ဘူး၊ (၂၀)ရပ်ကွက် အ.ထ.က(၈)ကျောင်း ကန့်သတ်စောင့်ကြည့်စခန်းအတွက် နှာခေါင်းစည်း Mask အခု(၅၀)ပါ (၂၀)ဘူး၊လက်သန့်ဆေးရည်5kg(၁)ပုံး၊ လက်သန့်ဆေးဘူးခွံ(၅)ဘူး၊ (၆)ရပ်ကွက် သုံးထပ်သာသနာ့ ဗိမာန်တော် ကြီး ကန့်သတ်စောင့်ကြည့်စခန်း အတွက်PPEဝတ်စုံ(၁၀)စုံ၊ လက်သန့်ဆေးရည် (၁၀)ဘူး၊ Face Shield (၃၀)ခု၊(၁)ရပ်ကွက် အ.ထ.က(၁၀)ကျောင်း ကန့်သတ် စောင့်ကြည့် စခန်း အတွက် နှာခေါင်းစည်း Mask အခု(၅၀)ပါ (၇)ဘူး၊ လက်သန့်ဆေးရည်(၅)ဘူး၊ PPEဝတ်စုံ(၂)စုံ၊ ရွှေရောင်မဇ္ဇိမ ပရဟိတအဖွဲ့အတွက် PPE ဝတ်စုံ(၁၀၀)စုံ၊ C-Lock အချိုရည်(၅)ကဒ်၊ ရေသန့်(၅)ကဒ်၊ 95Mask(၁၀၀)ခု၊ ရွှေလင်ပန်းကျေးရွာ အ.ထ.က (၁၄)ကျောင်း ကန့်သတ်စောင့်ကြည့်စခန်း အတွက် နှာခေါင်းစည်း Mask အခု(၅၀)ပါ (၄)ဘူး၊ လက်သန့်ဆေးရည် (၅)ဘူး၊ လက်အိတ်အခု(၅၀)ပါ (၁)ထုပ်၊ C+Lock အချိုရည်(၁)ကဒ်၊ (၉)ရပ်ကွက် အ.ထ.က (၂၁)ကျောင်း ကန့်သတ်စောင့်ကြည့်စခန်း အတွက် နှာခေါင်းစည်း Mask အခု(၅၀)ပါ (၁၅)ဘူး၊ လက်သန့် ဆေးရည် (၅)ပုလင်း၊လက်အိတ်အခု(၅၀)ပါ(၂)ထုပ်၊ C+Lockအချိုရည်(၂)ကဒ်၊(၃)ရပ်ကွက် အ.မ.က(၁၈) ကန့်သတ်စောင့်ကြည့်စခန်းအတွက် နှာခေါင်းစည်း Mask အခု(၅၀)ပါ (၄)ဘူး၊ လက်သန့်ဆေးရည် (၅)ဘူး၊ လက်အိတ်အခု(၅၀)ပါ(၁)ထုပ်၊ C+Lockအချိုရည်(၁)ကဒ်၊ စောင်(၁၀)ထည်၊ (၁၁)ရပ်ကွက် အ.မ.က(၁၉) ကန်သတ်စောင်ကြည့်စခန်းအတွက် နှာခေါင်းစည်း Mask အခု(၅၀)ပါ (၆)ဘူး၊လက်သန့်ဆေးရည် (၅)ဘူး၊ လက်အိတ်အခု (၅၀)ပါ (၁)ထုပ်၊ C+Lockအချိုရည်(၁)ကဒ်၊ စောင်(၁၀)ထည်၊ အပြင်ပဒံကျေးရွာ အ.လ.က (၂၀) ကန်သတ်စောင်ကြည့်စခန်းအတွက် နှာခေါင်းစည်း Mask အခု(၅၀)ပါ (၅)ဘူး၊လက်သန့်ဆေး ရည် (၅)ပုလင်း၊လက်အိတ်အခု(၅၀)ပါ(၁)ထုပ်၊ C+Lockအချိုရည်(၁)ကဒ်တို့ကို လှူဒါန်းခဲ့သည်။
အဆိုပါ လှူဒါန်းရာတွင်လှိုင်သာယာမြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီ ကိုယ်စား၊ လှိုင်သာယာမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ဦးအေးဗိုလ်၊ အမှတ်(၂)လွှတ်တော်ကို ယ် စားလှယ် ဦးမြတ်မင်းသူနှင့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း တို့က ကန့်သတ်စောင့်ကြည့်စခန်းမှ တာဝန်ရှိ သူများနှင့် ပရဟိတအဖွဲ့များအား သုံးထပ်သာသနာ့ ဗိမာန်တော် ကြီးတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)