နောင်ချို စက်တင်ဘာ ၂၅
ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် စေတနာမွန် လူမှုကူညီရေးအသင်းသို့ လူနာတင်ကုတင်အား အလှူရှင် မန္တလေးမြို့နေ ဦးပြုံးကိုကို +ဒေါ်နန်းလောဝ်ဟိန်း (နောင်ချို -ဟိုတယ်) မိသားစုမှ ယမန်နေ့က ပေးပို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
လှူဒါန်းရာတွင် အလှူရှင်များ၏ ကိုယ်စား ဦးလှမျိုး + ဒေါ်အိချို ( နောင်ချို-ဟိုတယ်)မှ ကျပ် (၆၂၀၀၀၀) တန်ဖိုးရှိ လူနာတင်ကုတင်အား စေတနာမွန်အသင်းရုံးသို့ ပေးပို့လှူဒါန်းခဲ့ရာ စေတနာမွန်လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးနေဦးသာနှင့်အဖွဲ့တို့က လက်ခံရယူကာ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
နောင်ချိုမြို့ စေတနာမွန်လူမှုကူညီရေးအသင်းအနေဖြင့် မြို့နယ်အတွင်း သာရေး၊ နာရေး၊ လူမှုရေး ကိစ္စများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်နေသောအသင်းတစ်သင်းဖြစ်ပြီး ကိုဗစ်-၁၉ ကာလ အတွင်း၌လည်း အခြေခံ လူတန်းစားများအား စားသောက်ကုန်များ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ အလှူရှင်များမှ လည်း စဉ်ဆက်မပြတ် ဖြည့်ဆည်းလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
ထွေးငယ် (နောင်ချို၊ပြန်/ဆက်)