လှည်းကူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ဆောင်ရွက်

လှည်းကူး ဇန်နဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုများ ရရှိတိုးပွားစေရန် Online မှတဆင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ရိုက်ကူး တင်ဆက်ပေးလျက်ရှိရာ ယနေ့ နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့် (Book Club) အဖွဲ့တို့ပူးပေါင်းပြီး မူးယစ်ဆေးဝါးအန္တရာယ်တာဆီး ကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲဆောင်ရွက်ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် လှည်းကူးမြို့နယ် ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့က မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေး အသိပညာပေး(TalkShow) ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး လှည်းကူးမြို့နယ် (Book Club) အဖွဲ့ဝင်ဒေါ်သင်းသင်းဆွေက မူးယစ်ဆေးဝါးစတင် ပေါ်ပေါက်လာပုံ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးနှင့် ပက်သက်သည့် ရှောင်ရန်အချက်များကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)