ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အမှတ်(၆၇)ရပ်ကွက် ရှိမီးဘေးသင့်အိမ်ထောင်စု(၂)စုအား ထောက်ပံ့ပစ္စည်းများပေးအပ်လှူဒါန်း

ဒဂုံဆိပ်ကမ်း ဇန်နဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၆၇)ရပ်ကွက်ရှိ မီးဘေးသင့်အိမ်ထောင်စု(၂)စု ထံသို့ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကိုယမန်​နေ့နံနက်(၁၁)နာရီက အမှတ်(၆၇)ရပ်ကွက်တွင် ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါမီးဘေးသင့် အိမ်ထောင်စု(၂)စုအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကူညီထောက်ပံ့သော Shelter Tool Kit Contents List (အမိုးအကာဆောက်လုပ်ရေးသုံးပစ္စည်းများ)၊ စတီးလ်မတ်ခွက်၊ စတီးလ်ပန်းကန်ပြား၊ စတီးလ်အိုးများစသည့် Kichen Set Contents Listပစ္စည်းများ၊ Family Kit (မိသားစုသုံးပစ္စည်းများ)၊ ContentList Of Hygiene Kit၊ Dignity Kit  ကယ်ဆယ်ရေးပစ္စည်းများနှင့် အိမ်ခြံမြေပရဟိတအသင်းမှ အိမ်ထောင်စု(၁)စုလျှင် ဆန်(၉)ပြည်၊ ဆီ ၅၀ဆယ်သားဗူး (၃)ဗူး၊ ခြင်ထောင်(၁)လုံးစီအား  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးလှကြည်၊ မြို့နယ်စီမံကိန်း ဦးစီးမှူး ဒေါ်သန်းသန်းချို၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဇော်မျိုးထိုက်နှင့် အမှတ်(၆၇)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးညွှန့်ဝင်းတို့က မီးဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။

အေးမဥ္ဇူ(ပြန်/ ဆက်)