လမ်းမတော်မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ပန်းချီပြိုင်ပွဲကျင်းပ

လမ်းမတော် ဇန်နဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ နံနက်(၉)နာရီက မြတ်ပညာခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းတို့ပူးပေါင်း စီစဉ်ကျင်းပသော “တို့ပတ်ဝန်းကျင်မထိခိုက်ရေးဆေးလိပ်၊ ဆေးရွက်ကြီး ရှောင်ရှားပေး” ပန်းချီပြိုင်ပွဲ ကျင်းပပြုလုပ်သည်။

ထိုသို့ ပြိုင်ပွဲပြုလုပ်ရာတွင် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများ၊ အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း(၁၆)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်၊ ဆုရရှိသော ကျောင်းသား/ကျောင်းသူများကို ဇန်နဝါရီ (၂၃) ရက်နေ့ နံနက်(၁၀)နာရီ အချိန်တွင် လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ဆုများချီမြှင့်သွားမည်ဖြစ်ကြောင်း သတင်း ရသည်။

ကျော်ဆန်းမြင့်