နေပြည်တော် ဇန်နဝါရီ ၁၉
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME)ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ လမ်းညွှန်ချက်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှု လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၂) နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ လမ်းညွှန်ချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုနှင့် တိုးတက်မှု အခြေအနေများကို လစဉ်တင်ပြပေးစေလိုကြောင်း၊ လက်ရှိဆောင်ရွက်နေသည့် အခြေအနေနှင့် ဆောင်ရွက်ရန်လျာထားမှု အခြေအနေများကို ရှင်းလင်းတင်ပြပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ လမ်းညွှန်ချက်များအား အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)