ကျောက်ပန်းတောင်းမြို့နယ် ထန်းတောကြီးကျေးရွာနှင့် လက်ပံပင်ကျေးရွာတို့တွင် ဒေသဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်ရန် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေး

ကျောက်ပန်းတောင်း  ဇန်နဝါရီ  ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့်ကျေးရွာများတွင် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့်ကွင်းဆင်းဆောင်ရွက် လျှက်ရှိရာ  ဇန်နဝါရီ(၁၈)ရက်နေ့ မွန်းလွဲ(၁:၃၀) နာရီက နှစ်ကျပ်ခွဲကျေးရွာအုပ်စု နှစ်ကျပ်ခွဲကျေးရွာဒေသခံများနှင့် ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် တွေ့ဆုံခဲ့ကြောင်းသိရ သည်။

အဆိုပါ စစ်ကြောင်းကြီး(၅)ကြောင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းဇော်ဦး ခေါင်းဆောင်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ စီမံကိန်းဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပညာရေး၊ ကျန်းမာရေး၊ ပြန်/ဆက်၊ စိုက်ပျိုးရေး၊ လျှပ်စစ် အစရှိသည့်ဌာနဆိုင်ရာ တာဝန်ရှိသူ(၃၃)ဦးပါဝင်၍ မွန်းလွဲ(၁:၃၀) နာရီတွင် နှစ်ကျပ်ခွဲကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒုတိမြို့နယ်အနုပ်ချုပ်ရေးမှူးက နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်းစီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်၊ ကျေးရွာ အုပ်ချုပ်ရေးဆိုင်ရာဥပဒေ၊ များကို လည်းကောင်း၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဝင်ဗိုလ်မှူး နောင်ထွန်းနီနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမင်းတို့က လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်းရေးလုပ်ငန်းဆိုင်ရာများကိုလည်းကောင်းရှင်းလင်းဆွေးနွေးကြပြီး၊ စစ်ကြောင်းဖြင့် လိုက်ပါလာသည့်ဌာနဆိုင်ရာများက ရွေးကောက်ပွဲဆိုင်ရာအချိုးကျ PR စနစ်ကိုရှင်းလင်းခြင်း၊ မီးဘေး၊ သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် VDP စီမံကိန်းဆိုင်ရာများ၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ လောင်းကစားမှုပပျောက်ရေးနှင့်မှုခင်းကျဆင်းရေး အစရှိသည်တို့ကို ရှင်းလင်းဟောပြောဆွေးနွေးကြရာ၊ တက်ရောက်လာ သည့်ဒေသခံပြည်သူများက သိလိုသည်များမေးမြန်းဆွေးနွေးခြင်းနှင့် သက်ဆိုင်ရာဌာနအလိုက် ပြန်လည်ရှင်းလင်းခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

အဆိုပါ်တွေ့ဆုံဆွေးပွဲသို့ ဒေသခံပြည်သူ(၂၂၃)ဦး တက်ရောက်ခဲ့ကြကြောင်းသိရပြီး၊ ဆွေးနွေးပွဲအပြီးတွင် စစ်ကြောင်း နှင့်လိုက်ပါလာသည့် ကျန်းမာရေးဌာနဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း၊ အထွေထွေရောဂါစစ်ဆေးခြင်းတို့ကို ကျန်းမာရေးဝန်ဆောင်မှုပေးခဲ့ကြပြီး၊လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မွေးတိုး/သေဆုံးတို့ကို အိမ်ထောင်စုလူဦးရေစာရင်းမှ တိုး/လျှော့ လုပ်ငန်းများဝန်ဆောင်မှုပေးခဲ့ကြောင်းနှင့် လျှပ်စစ်အန္တရာယ် ကင်းဝေးရေးအသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

နေအောင်(ပြန်/ဆက်)