မာန်အောင်မြို့၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် မြို့နယ်စည်ပင်ရုံးဝန်ထမ်းများအား စာအုပ်စာစောင်များ(အခမဲ့)ငှားရမ်းပေး

မာန်အောင် ဇန်နဝါရီ ၁၉

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက စာကြည့်တိုက်သို့ အလုပ်မအားလပ်၍ မလာရောက်နိုင်သည့် ဌာနဆိုင်ရာရုံးဝန်ထမ်းများနှင့် စာဖတ်ပရိသတ်များအား စာပေဖတ်ရှုမှုအဆင်ပြေစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် (အခမဲ့)ငှားရမ်းဝန်ဆောင်မှုပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်စည်ပင်ရုံးဝန်ထမ်းများအား သွားရောက်ငှားရမ်းပေးခဲ့သည်။

ထိုသို့ ငှားရမ်းပေးရာတွင် သုတ/ ရသ/ ဝတ္တုစာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များကို တစ်ပတ်ငှားရမ်းပြီး တစ်ပတ်ပြည့်လျှင် စာအုပ်အသစ်ဖြင့် ပြန်လည်လဲလှယ်ငှားရမ်းပေးသည့်စနစ်ဖြင့် (အခမဲ့)ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

သိန်းဖေ