ညောင်ဦး စက်တင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့အတွင်းရှိ အများပြည်သူသုံးအတွက် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိသော လျှပ်စစ် ထရန်စဖော်မာ တိုးချဲ့တပ်ဆင်ခြင်း လုပ်ငန်းများကို လျှပ်စစ်ဝန်ထမ်းများက အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ပုဂံမြို့ လျှပ်စစ်မန်နေဂျာ ဦးမျိုးမင်းထွန်းထံ မှ သိရသည်။
အဆိုပါ အများပြည်သူသုံး လျှပ်စစ်ထရန်စဖော်မာ တိုးချဲ့တပ်ဆင်ခြင်းလုပ်ငန်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်း ရန်ပုံငွေစာရင်း ခေါင်းစဉ်အောက်မှ ကျခံ ဆောင်ရွက်ခြင်းဖြစ်ကာ လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများ လျှပ်စစ်ဓာတ်အား ပြတ်တောက်ချိန် လျော့နည်းကျဆင်းပြီး လျှပ်စစ်ဓာတ်အားကို စံချိန်စံညွှန်းနှင့်အညီ ဗို့အားပြည့်ပြည့်ဝဝဖြင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းစွာအသုံးပြုနိုင်ရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ထရန်စဖော်မာ များ ချို့ယွင်းလောင်ကျွမ်းပျက်စီးခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း နှင့် စီမံချက်ချ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ပုဂံမြို့လျှပ်စစ်မန်နေဂျာ ဦးမျိုးမင်းထွန်း က ရှင်းလင်းပြောကြားသည်။
ကိုထိန်၊ KPD