မင်္ဂလာဒုံ ဇန်နဝါရီလ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်ရှိ လူမှုဖူလုံရေးရုံး၌ ယနေ့နံနက် (၁၀)အချိန်က မင်္ဂလာဒုံမြို့နယ်၊ လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် မြန်မာ့ ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံးသဘာဝဓါတ်ငွေ့ဌာန၊ ဆိုင်အမှတ်(၀၂၈)၊ သုဝဏ္ဍဆိုင်ခွဲတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အာမခံအလုပ်သမား ဦးအောင်ဇေယျသည် အလုပ်ခွင်ပြင်ပထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးခဲ့ခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ထုတ်ပေးခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဦးရဲဇော်ဝင်းနှင့်မင်္ဂလာဒုံမြို့နယ်၊ လူမှုဖူလုံရေးရုံး၊ ရုံးခွဲတာဝန်ခံနှင့် အလုပ်ဌာနမှ အလုပ်ရှင်ကိုယ်စားလှယ်နှင့် အလုပ်သမားကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး၊ တာဝန်ခံအရာရှိ ဦးရဲဇော်ဝင်းမှ အာမခံအလုပ်သမား ဦးအောင်ဇေယျ၏ အလုပ်ခွင်ပြင်ပထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးခြင်းအတွက် နာရေးစရိတ်ငွေကျပ် (၈၁၀၀၀၀)နှင့် ကျန်ရစ်သူအကျိုးခံစားခွင့်ငွေကျပ် (၈၁၀၀၀၀၀)၊ စုစုပေါင်း ငွေကျပ် (၈၉၁၀၀၀၀)တိတိအား မိခင်ဖြစ်သူ ဒေါ်အေးမြိုင်ထံသို့ ပေးအပ်ခဲ့ပြီးနောက် (၁၀)နာရီခွဲအချိန်တွင် အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြတ်မွန်ခင် (ပြန်/ ဆက်)