ခိုလမ်မြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် စိုက်ပျိုးထားသော စပါးမျိုးစေ့ထုတ် စိုက်ခင်း ( Rs to Cs )(၁၅) ဧကအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ခိုလမ်   စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မျိုးစေ့ထုတ်စိုက်ခင်း  ( Rs to Cs )  (၁၅) ဧက အား လွိုင်လင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနနှင့် ခိုလမ်စိုက်ပျိုးရေးဦးစီးဌာန တို့မှ ယမန်နေ့ နံနက်ပိုင်း က ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ကာလအတွင်း တောင်သူများစိုက်ပျိုးရေးနည်းပညာဆိုင်ရာ  အခက်အခဲများ အဆက်မပြတ်စေရန်အတွက် ရည်ရွယ်ချက်ဖြင့် လွိုင်လင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်မျိုးစေ့တာ၀န်ခံ ဒေါ်နီနီ၀င်း၊ ခရိုင်သီးနှံကာကွယ်ရေးတာ၀န်ခံ ဦးအေးချိုထွန်း၊ ခရိုင်မြေအသုံးချရေးတာ၀န်ခံ ဒေါ်သင်းသင်းအေး၊ ခိုလမ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးလေး၀င်းနှင့်ဝန်ထမ်းများ တို့မှ စပါးမျိုးစေ့ထုတ်စိုက်ခင်း (Rs to Cs) (၁၅)ဧကသို့ Field inspection ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကာ တောင်သူများအား နည်းပညာပေးခဲ့ကြောင်း ခိုလမ်မြို့စိုက်ပျိုးရေးဦးစီးမှူးထံမှ သိရသည်။

ခင်လေးဝင်း (ပြန် /ဆက်)