လှည်းကူးမြို့နယ်တွင် ကျောင်သား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster) ဆက်လက်ထိုးနှံပေး

လှည်းကူး ဇန်နဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းသား/ သူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူနိုင်ရန်အတွက် ယနေ့နံနက်(၉)နာရီက မလစ်အခြေခံပညာအထက်တန်းကျောင်းခွဲနှင့် ရေကျော်ချောင်းရိုး အခြေခံပညာမူလတန်းကျောင်းတို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်ရေး၊ ကာကွယ်ဆေးထိုးနှံမည့်သူများ မကျန်ရှိစေရေး၊ ကာကွယ်ဆေးများ ထိုးနှံပေးရာ  စနစ်တကျရှိစေရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ကျောင်းသား/ သူ(၂၃၀)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Boostet ထိုးနှံပေးခဲ့သည်။ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေး၀န်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၀င်များ၊ လူမှုရေးအသင်း၀င်များ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသော ကျောင်းသား/ သူများကိုလည်း သတ်မှတ်ထားသည့် ဆေးထိုးစုရပ်နေရာများ၌ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အေးအေးနွဲ့(ပြန်/ ဆက်)